အောက်တိုဘာလမှာ ကြည့်မြင်တိုင်မှာ Zayyan App ပေါ် အရောင်းတင်ထားတဲ့ အိမ်ခြံမြေ ၁၀၉ ခု ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်း ပြောင်းလဲမှုကို ယုံကြည်စိတ်ချရအောင် ပြောနိုင်ဖို့ ဒေတာ မလုံလောက်သေးလို့ ဒီလ မတင်ပြနိုင်ပါဘူး။
ဒီတစ်ခါ Zayyan App မှာ အရောင်းတင်ထားတဲ့ တိုက်ခန်း ၃၂ ခန်းရဲ့ ဒေတာတွေအရဆိုရင် ပေ ၁၈×၅၄ အရွယ် တိုက်ခန်းတစ်ခန်းရဲ့ ပုံမှန်ခေါ်ဈေးက သိန်း ၂,၉၆၀ ဝန်းကျင် ရှိတယ် ပြောလို့ရပါတယ်။
တိုက်ခန်းဈေးနှုန်းကတော့ လမ်းမကြီး ဒါမှမဟုတ် ရပ်ကွက်တွင်းထက် အထပ်ပေါ် အဓိက မူတည်နေတာ တွေ့ရပါတယ်။ ဆင်းလေ ဈေးကြီးလေ၊ မြင့်လေ ဈေးသက်သာလေ ဖြစ်ပါတယ်။ ဒီဒေတာတွေအရ မြေညီထပ်ဆိုရင် သိန်း ၄,၆၉၈ ဝန်းကျင် ခေါ်ဈေးရှိပြီး၊ ပထမထပ်နဲ့ ဒုတိယထပ်က သိန်း ၃,၁၇၉ ဝန်းကျင် ခေါ်ပါတယ်၊ တတိယထပ်နဲ့ စတုတ္ထထပ်ဆိုရင် သိန်း ၂,၈၅၅ ဝန်းကျင် ရှိကာ ပဉ္စမထပ်နဲ့ ဆဋ္ဌမထပ်ကတော့ သိန်း ၂,၄၃၀ ဝန်းကျင် ခေါ်ဈေးတွေ ရှိပါတယ်။
ဒီဈေးတွေဟာ ပေတစ်ပေ ဈေး (ပျမ်းမျှ အလယ်တန်း) ကနေ ပေ ၁၈*၅၄ တိုက်ခန်းတစ်ခန်းနဲ့ ညီမျှအောင် တွက်ထားတာ ဖြစ်ပါတယ်။ အထပ်မသိရတဲ့ တိုက်ခန်း ၁၁ ခုကို မထည့်ထားပါဘူး။